Softedify File Shredder
Recovery Software တွေနဲ့ ပြန်လည်ယူလို့မရနိုင်အောင် ဖိုင်တွေကို ဖျက်ပစ်နိုင်တဲ့ Software ဖြစ်ပါတယ်။

File များကို ဖျက်ပစ်ရာတွင် သာမာန် Shift+Delete ဖြင့်သာ ဖျက်ပါက Recovery Software များဖြင့် ပြန်လည်ကာ ရယူကြည့်ရှုနိုင်ပါတယ်။ မိမိ၏ အရေးကြီး data များ၊ လျှို့ဝှက် file များကို ဖျက်ပစ်တဲ့အခါ Recovery Software များဖြင့် ပြန်လည်ရယူလို့မရနိုင်အောင် ဖျက်ပေးနိုင်တဲ့ Software မျိုးကို အသုံးပြုသင့်ပါတယ်။

Softedify File Shredder သည် file များကို ဖျက်ရာတွင် file အတွင်းရှိ content များကို encryption algorithm များဖြင့် overwrite ပြုလုပ်ပြီးမှသာ ဖျက်ပစ်ပြီး ဖျက်လိုက်ပြီးသော Harddisk sector နေရာတွင် Randomize Data များ အစားထိုး overwrite ပြုလုပ်ပေးခြင်းကြောင့် Recovery Software များဖြင့် ပြန်လည်ရယူနိုင်ခြင်းကို တားဆီးပေးပါတယ်။

Features
အသုံးပြုရလွယ်ကူစေတဲ့ ဒီဇိုင်းအသွင်အပြင်
သင်ဖျက်လိုသောဖိုင်ကို လုံးဝ ဖျက်ပစ်လိုက်နိုင်ခြင်း
ပေါ့ပါးသွက်လက်ပြီး စွမ်းဆောင်ရည်မြင့်မားခြင်း

System Requirement
Windows XP, Vista, 7, 8, 10
dotNet Framework 3.5 နှင့် အထက်

Download  Portable Version
Version : 1.0.0 | Size : 1.2 MB