Softedify Folder Locker
File နဲ့ Folder တွေကို အလွယ်တကူ Lock လုပ်ပေးထားနိုင်တဲ့ Software ဖြစ်ပါတယ်။

သင့်ရဲ့ အရေးကြီးတဲ့ data တွေနဲ့ လျှို့ဝှက် data တွေကို သင် ကလွဲလို့ မည်သူမျှ ဖွင့်ကြည့်ခြင်း၊ ကူးယူခြင်း၊ ဖျက်ပစ်ခြင်းများ ပြုလုပ်လို့မရနိုင်အောင် Softedify Folder Locker နဲ့ လွယ်လွယ်ကူကူ Lock လုပ်ထားနိုင်ပါတယ်။

ပထမဆုံး Softedify Folder Locker ကို အသုံးပြုတဲ့အခါ စကားဝှက်တစ်ခုပေးဖို့ လိုအပ်ပါတယ်။ ထို စကားဝှက်ဖြင့်သာ ဝင်ရောက်၍ Software ကို အသုံးပြုနိုင်ပါတယ်။ စကားဝှက်ဖြင့် Software ကိုဝင်ရောက် အသုံးပြုပြီး File / Folder များကို Lock / Unlock ပြုလုပ်နိုင်ခြင်းကြောင့် သင့် Data တွေကို အပြည့်အဝ လုံခြုံစေမှာပါ။

Softedify Folder Locker ဖြင့် Lock ချထားတဲ့ File / Folder တွေကို Software ထဲဝင်ရောက်ပြီး Unlock မပြုလုပ်မချင်း မည်သူမျှ ဖွင့်ကြည့်ခြင်း၊ ကူးယူခြင်း၊ အမည်ပြောင်းခြင်း၊ နေရာပြောင်းခြင်း၊ ဖျက်ပစ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်မှာမဟုတ်တဲ့အတွက် သင့် Data တွေက အပြည့်အဝလုံခြုံနေမှာပါ။

Features
တစ်စက္ကန့်အတွင်း File ကို Lock ပြုလုပ်နိုင်ခြင်း
တစ်စက္ကန့်အတွင်း Folder ကို Lock ပြုလုပ်နိုင်ခြင်း
ရိုးရှင်းလွယ်ကူသော ဒီဇိုင်းအသွင်အပြင်နှင့် အတူ လွယ်လွယ်ကူကူ Lock / Unlock ပြုလုပ်နိုင်ခြင်း
File / Folder များကို Encryption နည်းပညာဖြင့် Lock ပြုလုပ်ခြင်း

System Requirement
Windows XP, Vista, 7, 8, 10
dotNet Framework 3.5 နှင့် အထက်

Download
Version : 1.0.0 | Size : 2.15 MB